တရားပွဲအစီအစဉ်များ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊

 ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒရာမ ကျောင်းတိုက်ကြီး၌

၁၃၊၂၊ ၂၀၁၁ (တနင်္ဂနွေနေ့ )တွင်

ဘုန်းဘုန်း အရှင်ဆေကိန္ဒ မွေးနေ့ ပူဇော်ပွဲ နှင့် သာသန၀ုဒ္ဓိကာရီ ကျောင်းဆောင်မြတ်ကြီး ကျောင်းလွှတ်ပူဇာ အလှူတော်မင်္ဂလာကျင်းပမည်ဖြစ်ပါသည်။

 
ဝေယျာဝစ္စ ကုသိုလ်ပြုလုပ်မည့် သားသမီးများသည် ၅၊ ၂၊ ၂၀၁၁ (စနေနေ့ )နံနက်(၈)နာရီ တိတိတွင် ဓမ္မဒူတသို့လာရောက်စာရင်းပေးရမည် ဖြစ်ပါသည်။ ထိုနေ့ တွင် မွေးနေ့ပူဇော်ပွဲ အစီအစဉ်များကို အသေးစိတ်နေရာချပြောကြားပေးမည်ဖြစ်ပါသောကြောင့် မပျက်မကွက် လာရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

 
ဘုန်းဘုန်း မှ ဝေယျာဝစ္စပြုလုပ်မည့် သားသမီးများကို ၀တ်စုံ ပေးမည်ဖြစ်ပါသည်။

(ပုဂံခရီးစဉ်တွင် လိုက်ပါသော သားသမီးများသည် ၀တ်စုံ ရရှိပြီးဖြစ်ပါသည်။)

ဓမ္မဒူတမောင်မယ် (၂၅၊၁၊၂၀၁၁)

မှကူးယူဖော်ပြသည်...
ရန်ကုန်အမျိုးသားသွေးစုဘဏ်


ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။



စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။



ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။



ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးစုဘဏ်တွင် ၁၇.၂.၂၀၁၁ (ကြာသပတေးနေ့) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို.စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို.ငှာ ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးစုဘဏ်တွင် ၁၇.၂.၂၀၁၁ (ကြာသပတေးနေ့)၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

 
သင့်သွေးတစ်စက်ဖြင့်ကုသိုလ်ယူပါ...
ဗိုလ်တထောင်စေတီတော်
ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား
 ဗုဒ္ဓ၀ံသရက္ခိတအသင်း
 စတုတ္ထအကြိမ်မြောက်အထူးတရားပွဲ 
မှတ်တမ်းဓါတ်ပုံ















 


သူတော်ကောင်းတရားနေရာတိုင်းထွန်းတောက်ပါစေ   



  ၃. ၂ . ၂၀၁၀ ဗုဒ္ဓဟူးနေ့က ဆရာတော်အရှင် ရာဇိန္ဒ ( ရဝေနွယ်_ အင်းမ )

ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   
   
   ၄ . ၂ . ၂၀၁၀ ကြာသပတေးနေ့က ဆရာတော်ဒေါက်တာ အရှင် ဆေကိန္ဒ ( ဓမ္မဒူတ )

                                                  
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   
  
    ၅ . ၂ . ၂၀၁၀ သောကြာနေ့က ဆရာတော်အရှင် ခေမိန္ဒ ( ခင်မကန်...စစ်ကိုင် )

                                                  

   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   

   ၆ . ၂ . ၂၀၁၀ စနေနေ့က ဆရာတော်အရှင် က၀ိဓဇာလင်္ကာရ ( ချိုသာကီ )
                                                   
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   
ရ . ၂ . ၂၀၁၀ တနင်္ဂနွေနေ့က ဆရာတော်အရှင် မာဃိန္ဒ ( အောင်မြေ )
                                                   
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   
 
   ၈ . ၂ . ၂၀၁၀ တနလာင်္နေ့က ဆရာတော်ဒေါက်တာအရှင်ဣန္ဒ၀ံသ ( ကြည်သာအေးမြ )
                                                   
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   

   
   ၉ . ၂ . ၂၀၁၀ အင်္ဂါနေ့က ဆရာတော်ဒေါက်တာအရှင် ကောဝိဒ ( မဇ္စိုမဂုဏ်ရည် )
                                                   
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း   



၁၃ လမ်းအလယ်ဘလောက်တွင်ပြုလုပ်ကျင်းပမည့်
၅၈ကြိမ်မြောက်ဆွမ်းဆန်စိမ်းလောင်းလှူအောင်ပွဲ နှင့် တရားပွဲအစီအစဉ်
 




ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ( ပါမောက္ခချုပ်ဆရာတော် )


၁၃၇၂ ခု ၊ ပြာသိုလပြည့်ကျော် ( ၄ )ရက် ၂၃ - ၁ - ၂၀၁၁ ( တနင်္ဂနွေနေ့ )


ဆရာတော်အရှင်ခေမာသိရီလင်္ကာရ ( ရွှေပြည်ဟိန်းဆရာတော် )

၁၃၇၂ ခု ၊ ပြာသိုလပြည့်ကျော် ( ၅ ) ရက် ၊ ၂၄ - ၁ - ၂၀၁၁ ( တနလာင်္နေ့ )


ဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ ( ဓမ္မဒူတ-ဆရာတော် )
  
၁၃ရ၂ ခု ၊ ပြာသိုလပြည့်ကျော် ( ၆ ) ရက် ၊ ၂၅ - ၁ - ၂၀၁၁ ( ဗုဒ္ဓဟူးနေ့ )   

ကျင်းပမည့်နေရာ   ။         ။ ၁၃ လမ်းအလယ်ဘလောက် ၊ လမ်းမတော်မြို့နယ်

ကျင်းပမည့်အချိန်  ။         ။ ညစဉ် ( ရ ) နာရီ  
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏၂၀၁၀အထူးတရားပွဲမြင်ကွင်း
   ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး၏ ၂၀၁၀ အထူးတရားပွဲမြင်ကွင်း
၃၀ ရက် ဇန္န၀ါရီလ တနင်္ဂနွေနေ့ တွင် ပန်းတစ်ပွင့်တောင်ဆရာတော်ဘဒ္ဒန္တပညာသာရ
*ဖြစ်လျှင်ဒုက္ခ ၊ ချုပ်မှသုခနိဗ္ဗာန်
    ချုပ်ခြင်းအမှု ၊ နှစ်သက်ပြု
          ပြီးမှုမဂ်ကိစ္စ*

၃၁ ရက် ဇန္န၀ါရီလ တနလာင်္နေ့ တွင် တွံတေးဆရာတော်အရှင်ဣန္ဒက
*လူမုန်းရင်မုန်းပါစေ ၊ ကံမမုန်းပါစေနဲ့
     လူမုန်းရင် ပုန်းလို့ရတယ်
       ကံမုန်းရင်ပုန်းလို့မရဘူး*

 ၁ ရက် ဖေဖော်ဝါရီလ အင်္ဂါနေ့ တွင် ဆရာတော်အရှင်ဇ၀န ( ရွှေပြည်သာ )
*မိမိတရားရ/မရကိုလောဘ ဒေါသ မောဟ
  မာန ဒိဌိ စသော ကိလေသာများလျော့ပါးကုန်ပျောက်
 သွားခြင်း ရှိ-မရှိ ဟူသောအချက်ဖြင့်သာ တိုင်းတာကြည့်ရ၏*
 

ကျင်းပမည့်နေရာ ၊၊             ၊၊ ၃၄ လမ်း အထယ်ဘလောက်

ကျင်းပမည့်အချိန် ၊၊             ၊၊ ညချမ်း ( ရ ) နာရီ
၂၄ လမ်းအောက်လမ်း ကြိရတနာ ဓမ္မာရုံတွင် ကျင်းပမည့်
စတုတ္တအကြိမ်မြောက်တရားပွဲ

၁၃၇၂ ခု ပြာသိုလဆုတ် ( ၅ ) ရက် (၂၄ - ၁ - ၂၀၁၁)တနလာင်္နေ့ တွင်
အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ

၁၃၇၂ ခု ပြာသိုလဆုတ် ( ၆ ) ရက် ( ၂၅ -၁ - ၂၀၁၁ ) အင်္ဂါနေ့ တွင်
ဆင်ဖြူတောင်ဆရာတော် အရှင်ဂုဏိန္ဒ

၁၃၇၂ ခု ပြာသိုလဆုတ် ( ၇ ) ရက် ( ၂၆ - ၁ - ၂၀၁၁ ) ဗုဒ္ဓဟူးနေ့ တွင်
မဇ္စိုမဆရာတော် ဒေါက်တာအရှင်ကောဝိဒ

ကျင်းပမည့်နေရာ ။ ။ ၂၄ လမ်းအောက်လမ်း ကြိရတနာ ဓမ္မာရုံ

ကျင်းပမည့်အချိန် ။ ။ ညချမ်း ( ရ ) နာရီ

၃၈ လမ်း အလယ်ဘလောက် ဗုဒ္ဓ၀ိဟာရ ဓမ္မာရုံတွင် ကျင်းပမည့်တရားပွဲ

၁၃ ရက် ဇန္ဇ၀ါရီလ ၂၀၁၁ ကြာသပတေးနေ့တွင် ( ဆင်ဖြူတောင်ဆရာတော် ) အရှင်ဂုဏိန္ဒ


၁၄ ရက် ဇန္န၀ါရီလ ၂၀၁၁ သောကြာနေ့တွင် ( မဇ္စိုမဆရာတော် )ဒေါက်တာကောဝိဒ


၁၅ ရက် ဇန္န၀ါရီလ ၂၀၁၁ စနေနေ့တွင် ( ဓမ္မဒူတဆရာတော် )ဒေါက်တာပညိဿရ


ဆရာတော်ကြီးတို့မှနိဗ္ဗာန်ရောက်ကြောင်းတရားထူးတရားမြတ်များကိုချီးမြှင့်မည်ဖြစ်ပါသဖြင့်

ကြွရောက်ကာနာယူကြပါရန်ဖိတ်ခေါ်အပ်ပါသည်။


တရားပွဲတည်နေရာ ။ ။ ၃၈ လမ်း အလယ်လမ်း ( ဗုဒ္ဓ၀ိဟာရ ဓမ္မာရုံ )


တရားပွဲအချိန် ။ ။ ညချမ်း ( ရ ) နာရီတိတိ



(၁၄-၁-၂၀၁၁)ရက်နေ့တွင် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ညီငယ်၊ညီမငယ် များကို တရားစကားပြောပေးပြီး မေတ္တာပို့ပေးမည် ဖြစ်ပါသောကြောင့် တရားနာလိုသော ညီငယ်၊ညီမငယ်များ မှော်ဘီမြို့ ဆေကိန္ဒာရာမကျောင်းတိုက်သို့ နံနက် (၉း၀၀) အရောက်လာရောက်ကြရမည် ဖြစ်ပါသည်။

နေရာ - ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီး။
အချိန် - နံနက် (၉း၀၀) မှ နေ့လည် (၁၂း၀၀) ထိ
နေ့ရက် - ၁၄.၁.၂၀၁၁ (သောကြာနေ့)